Search This Blog

Friday, May 10, 2013

ဒီ post လေးကတော့ A4 devices(iPhone 4, iPhone 3GS, iPod 4G) ကိုင်ဆောင်သူများ iOS 6 တင်ပြီး မှ အကြောင်းအမျိုးမျိုးကြောင့် iOS 5.1.1 ကိုပြန်ဆင်းချင်တဲ့အခါ နောက်ပြီး shsh blobs ကို Tiny umbrella or Redsnow နဲ့ save မထားသူများအတွက် iOS 5.1.1 ကို ပြန်ဆင်းဖို့အတွက် ရည်ရွယ်ပါတယ် အခုတင်ပြမည့်နည်းကတော့ shsh blobs ကို Stock IPSW မှာ stitch လုပ်ပြီး ရရှိလာတဲ့ Custom IPSW ကို iTunes ကတဆင့် restore လုပ်နည်းဖြစ်ပါတယ် (မှတ်ချက် – တခြားနည်းတွေလည်းရှိပါတယ် ဥပမာ iTunes မသုံးဘဲ Redsnow နဲ့တိုက်ရိုက် restore လုပ်နည်း) - Downgrade မလုပ်ခင်လိုအပ်ချက်လေးတွေရှိပါတယ် အဲဒါဘာလည်းဆိုတော့ ပြန်ဆင်းချင်တဲ့သူများဟာ မိမိတို့ iDevice ကို iOS 5.1.1 မှာ Jailbreak လုပ်ခဲ့ပြီးသားဖြစ်ရပါမယ် ဒါမှသာ Cydia က iOS 5.1.1 အတွက် shsh blobs ကို သူ့ server မှာ cache လုပ်ထားမှာမို့လို့ပါ နို့မို့ဆိုရင်တော့(iOS 5.1.1 မှာ Jailbreak မလုပ်ထားခဲ့ဘူးဆိုရင်တော့) Cydia server မှာ shsh blobs ကို cached လုပ်ထားခြင်းမရှိတဲ့အတွက် ပြန်ဆင်းလို့ရနိုင်မည်မဟုတ်ပေ - Downgrade လုပ်ဖို့အတွက် မိမိတို့ iDevice အတွက်သက်ဆိုင်တဲ့ iOS 5.1.1 Stock IPSW(firmware) လိုပါတယ် မရှိရင် www.getios.com မှာ ဒေါင်းနိုင်ပါတယ် နောက်ပြီး Jailbreaking tool ဖြစ်တဲ့ Redsnow လိုပါတယ် (latest ဖြစ်လေကောင်းလေ) မရှိရင် http://www.idownloadblog.com/iphone-downloads/ မှာဒေါင်းနိုင်ပါတယ် အဲဒါတွေပြည့်စုံပြီဆိုရင်တော့ Downgrading process ကိုစလို့ရပါပြီ - ပထမဦးစွာ မိမိတို့ iDevice ကို Computer မှာချိတ်ဆက်ထားရပါမယ် ထို့နောက် Open Redsnow >> Extras >> SHSH blobs >> Stitch >> “IPSW” လို့ပြောထားတဲ့နေရာမှာ မိမိတို့ iDevice နဲ့သက်ဆိုင်တဲ့ iOS 5.1.1 Stock IPSW ကိုရွေးပေးရပါမယ် ပြီးရင် iDevice ကို DFU mode မှာထားရပါမယ်( Press Power button + Home button simultaneously for 10 sec and then press Home button alone until iDevice is detected in DFU mode) Redsnow က iDevice ကို DFU mode မှာသိသွားပြီဆိုရင်တော့ Blobs section အောက်မှာ Cydia ဆိုတဲ့ tab ကိုနှိပ်လိုက်ရင် Redsnow က သူ့ server မှာ cache လုပ်ပြီးသိမ်းဆည်းထားတဲ့ shsh blobs ကိုသုံးပြီး Custom IPSW တည်ဆောက်နေမှာဖြစ်ပါတယ် ပြီးဆုံးသွားရင်တော့ မိမိ Stock IPSW ရွေးခဲ့တဲ့နေရာမှာ Custom IPSW ပေါ်လာမှာဖြစ်ပါတယ် - ထို့နောက် Redsnow ထဲက Extras >> Pwned DFU ကိုဝင်ရပါမယ် နို့မို့ဆိုရင်(မ၀င်ခဲ့ရင်) Custom IPSW ကို iTunes ကတဆင့် Restore လုပ်တဲ့အခါ error 1600 တက်ပါလိမ့်မယ် - ဒါပြီးရင်တော့ iTunes ကိုဖွင့်လိုက်ပါမယ် iDevice က recovery mode မှာ connected ဖြစ်နေပါလိမ့်မယ် Shift+Restore(for windows) or Option+Restore(for mac) ကိုနှိပ်ပြီး မိမိပြုလုပ်ထားတဲ့ Custom IPSW ကိုရွေးပေးလိုက်ရင်တော့ Downgrading process(restore) စလုပ်ပြီဖြစ်ပါတယ် ဒီအချိန်မှာ iTunes error -1 တက်ချင်တက်နိုင်ပါသေးတယ် error ရှိခဲ့ရင်တော့ Redsnow ကိုဖွင့်ပြီး Extras >> iTunes recovery fix ကိုအသုံးပြုရပါလိမ့်မယ်

No comments:

Post a Comment

ဘလော့ဂါတစ်ယောက်အတွက် စကားလေးတစ်ခွန်းတော့ ပြောခဲ့ပါနော်။ကျနော့်ကိုဆက်သွယ်ချင်ရင် 09.43103127ကိုဆက်သွယ်လို့ရပါတယ် မသိတာတွေလည်းလှမ်းမေးလို့ရပါတယ်။မန္တလေးကပါ။generator.mdy@gmail.comကိုလည်းဆက်သွယ်နိုင်ပါတယ်
မိမိလိုချင်​​သော Firmware များကို အမြန်​လိုချင်​ပါက memory stick ဖြင့်​ ပို့​ပေးပါသည်​ စတစ်​ဖိုး​တော့ ​ပေးရမှာ​ပေါ့​နော်