Search This Blog

Showing posts with label သိမှတ်စရာ. Show all posts
Showing posts with label သိမှတ်စရာ. Show all posts

Monday, June 3, 2013

Android phone တွေမှာ power ဖွင့်လိုက်ရင်မြည်တဲ့အသံကို ကိုယ်ကြိုက်တဲ့အသံထားမယ်

မန္တလေးမှာ အစစအရာရာ အဆင်ပြေအောင် လိုလေသေးမရှိ ကူညီပေးခဲ့တဲ့ မောင်သိန်းစိုးကို ကျေးဇူးတင်တဲ့ အနေနဲ့ ဒီပို့စ်ကို ဒီမှာရေးပါတယ် ။
သိန်းစိုးက ဒီလိုလုပ်ချင်တယ် ပြောပါတယ် ။
ဒါပေမယ့် ကျနော်ကလည်း ကိုယ့် ဆမ်ဆောင်းအတွက်ပဲမှတ်ထားတော့ ပြန်မပြောဖြစ်ခဲ့ဘူးလေ။


Android phone တွေမှာ power ဖွင့်လိုက်ရင်ထွက်လာတဲ့အသံတွေကို ကိုယ်ပိုင် ringtone နဲ့ ပြောင်းလို့ ရပါပြီ။ကျွန်တော်ကတော့ Huawei U8818 မှာစမ်းပြီးသွားပါပြီ အဆင်ပြေပါတယ်။သူငယ်ချင်းများလဲ မိမိတို့ ဖုန်းတွေမှာ စမ်းကြည့်လိုက်ပါအုံးနော်။မိမိထည့်လိုက်တဲ့ သံစဉ်ကတော့ အရှည်ဆုံး 10 seconds လောက်ပဲထားသင့်ပါတယ်။

ကိုယ့် phone က root လုပ်ဖို့ လိုသည်။
root explorer apk ကို Phone မှာ install လုပ်ထားရပါမယ်။
 file format changeတဲ့ format factory လို software မျိုးလိုပါတယ်။
bootsound ပြုလုပ်ချင်သည့်သီချင်းကို format factory ဖြင့် .ogg သို့  change(Use Computer) ပါ။
Change ပြီးသွားရင် file name ကို bootSound.ogg သို့ ပြောင်းရပါမယ်။ပြီးလျှင် SD card ထဲကူးပါ။
root explorer ကို ဖွင့်ပါ။ cust/unicom/cn/media/audio/animationsounds သို့အဆင့်ဆင့် သွားပြီး ogg format ပြောင်းထားသည့် bootSound.ogg ကိုcopy ကူးထည့်ပါ။
root explorer ရဲ့ အပေါ်ညာဘက်ထောင့်မှာ Mount R/W ဖြစ်နေလျှင် R/O သို့  change ပြီးမှကူးပါ။
phone ကို power off ပြီးပြန်ဖွင့်ကြည့်ပါ။ ကိုယ်ပိုင် တီးလုံးနဲ့ လန်းနိုင်ပါပြီ။

လုလင်ပျိုတို့ ဆမ်ဆောင်းမှာကျတော့ လမ်းကြောင်းနည်းနည်းပြောင်းသွားတယ် နော်

လုပ်ပုံလုပ်နည်းတွေကတော့ တူတူပါပဲနော်
root explorer ကနေသွားရမဲ့ လမ်းကြောင်းပဲ ပြောင်းသွားတာပဲ
လုလင်ပျိုက samsung ကိုင်တာဆိုတော့ လုလင်ပျို အဆင်ပြေသွားတဲ့ လမ်းကြောင်းပြောပြမယ်နော်
အဆင်မပြေသေးတဲ့သူများ လိုက်လုပ်ကြည့်ပေါ့ တူချင်တူနေမှာပါ
ကဲ စမယ်
root explorer>>>system>>>etc
etc ရောက်ပြီဆိုရင် ရှာကြည့်လိုက်
poweron.ogg ဆိုတာလေးတွေ့မယ်
တွေ့ရင် ကိုယ်ထပ်ထည့်မယ်ဆို အဲဒီအရင်ရှိနေတာကို ဖျက်ရမှာနော်
နောက်ပြန်သုံးမယ်ဆို ကော်ပီယူထားပေါ့
အရင် ရှိနေတဲ့ဟာကိုဖျက်
ကိုယ်အသစ်ထပ်ထည့်ချင်တာကို ထည့်ပြီး phone ကို power off ပြီးပြန်ဖွင့်ကြည့်ပါ။ ကိုယ်ပိုင် တီးလုံးနဲ့ လန်းနိုင်ပါပြီ။
အဲ ...မေ့တော့မလို့
poweron အသံဆိုတော့ filename ကpoweron.ogg ပဲဖြစ်ရမှာနော်
လုလင်ပျိုလည်း အရင် သူ့သီချင်းနာမည်အတိုင်းထည့်တာပေါ့
မရတော့ poweron.ogg လို့ပြောင်းပြီး ပြန်လုပ်လိုက်တော့ အိုကေ သွားတယ်
ကဲ  ကိုယ်ပိုင် တီးလုံးနဲ့ လန်းနိုင်အောင် စမ်းကြည့်ကြပါအုံး။

သူငယ်ချင်းတို့ ရေ အခုချိန်မှာမြန်မာပြည်ကခေတ်မှီတဲ့လူငယ်တိုင်း Android ဖုန်းတစ်လုံးကိုင်နေကြပြီနော်။
သူငယ်ချင်း လည်း Android ဖုန်း ကိုင်နေပြီဆိုရင်android နဲ့ပတ်သက်တာတွေတစ်နေရာတည်းမှာလေ့လာနိုင်ဖို့android လုလင်ကိုကြွလှမ်းခဲ့ပါနော်။




ဒီဆိုဒ်မှာလည်းလေ့လာ
ကျနော့ဆီလည်းလာပေါ့ဗျာ
ကျနော် နဲ့ မောင်သိန်းစိုးက သူငယ်ချင်း ညီအကိုတွေပါ
ဟုတ်တယ်ဟုတ် သိန်းစိုးရေး111