မန္တလေးမှာ အစစအရာရာ အဆင်ပြေအောင် လိုလေသေးမရှိ ကူညီပေးခဲ့တဲ့ မောင်သိန်းစိုးကို ကျေးဇူးတင်တဲ့ အနေနဲ့ ဒီပို့စ်ကို ဒီမှာရေးပါတယ် ။
သိန်းစိုးက ဒီလိုလုပ်ချင်တယ် ပြောပါတယ် ။
ဒါပေမယ့် ကျနော်ကလည်း ကိုယ့် ဆမ်ဆောင်းအတွက်ပဲမှတ်ထားတော့ ပြန်မပြောဖြစ်ခဲ့ဘူးလေ။
Android
phone တွေမှာ power ဖွင့်လိုက်ရင်ထွက်လာတဲ့အသံတွေကို ကိုယ်ပိုင် ringtone
နဲ့ ပြောင်းလို့ ရပါပြီ။ကျွန်တော်ကတော့ Huawei U8818 မှာစမ်းပြီးသွားပါပြီ
အဆင်ပြေပါတယ်။သူငယ်ချင်းများလဲ မိမိတို့ ဖုန်းတွေမှာ
စမ်းကြည့်လိုက်ပါအုံးနော်။မိမိထည့်လိုက်တဲ့ သံစဉ်ကတော့ အရှည်ဆုံး 10
seconds လောက်ပဲထားသင့်ပါတယ်။
ကိုယ့် phone က root လုပ်ဖို့ လိုသည်။
root explorer apk ကို Phone မှာ install လုပ်ထားရပါမယ်။
file format changeတဲ့ format factory လို software မျိုးလိုပါတယ်။
bootsound ပြုလုပ်ချင်သည့်သီချင်းကို format factory ဖြင့် .ogg သို့  change(Use Computer) ပါ။
Change ပြီးသွားရင် file name ကို bootSound.ogg သို့ ပြောင်းရပါမယ်။ပြီးလျှင် SD card ထဲကူးပါ။
root
explorer ကို ဖွင့်ပါ။ cust/unicom/cn/media/audio/animationsounds သို
့အဆင့်ဆင့် သွားပြီး ogg format ပြောင်းထားသည့် bootSound.ogg ကိုcopy
ကူးထည့်ပါ။
root explorer ရဲ့ အပေါ်ညာဘက်ထောင့်မှာ Mount R/W ဖြစ်နေလျှင် R/O သို့  change ပြီးမှကူးပါ။
phone ကို power off ပြီးပြန်ဖွင့်ကြည့်ပါ။ ကိုယ်ပိုင် တီးလုံးနဲ့ လန်းနိုင်ပါပြီ။
လုလင်ပျိုတို့ ဆမ်ဆောင်းမှာကျတော့ လမ်းကြောင်းနည်းနည်းပြောင်းသွားတယ် နော်
လုပ်ပုံလုပ်နည်းတွေကတော့ တူတူပါပဲနော်
root explorer ကနေသွားရမဲ့ လမ်းကြောင်းပဲ ပြောင်းသွားတာပဲ
လုလင်ပျိုက samsung ကိုင်တာဆိုတော့ လုလင်ပျို အဆင်ပြေသွားတဲ့ လမ်းကြောင်းပြောပြမယ်နော်
အဆင်မပြေသေးတဲ့သူများ လိုက်လုပ်ကြည့်ပေါ့ တူချင်တူနေမှာပါ
ကဲ စမယ်
root explorer>>>system>>>etc
etc ရောက်ပြီဆိုရင် ရှာကြည့်လိုက်
poweron.ogg ဆိုတာလေးတွေ့မယ်
တွေ့ရင် ကိုယ်ထပ်ထည့်မယ်ဆို အဲဒီအရင်ရှိနေတာကို ဖျက်ရမှာနော်
နောက်ပြန်သုံးမယ်ဆို ကော်ပီယူထားပေါ့
အရင် ရှိနေတဲ့ဟာကိုဖျက်
ကိုယ်အသစ်ထပ်ထည့်ချင်တာကို ထည့်ပြီး phone ကို power off ပြီးပြန်ဖွင့်ကြည့်ပါ။ ကိုယ်ပိုင် တီးလုံးနဲ့ လန်းနိုင်ပါပြီ။
အဲ ...မေ့တော့မလို့
poweron အသံဆိုတော့ filename ကpoweron.ogg ပဲဖြစ်ရမှာနော်
လုလင်ပျိုလည်း အရင် သူ့သီချင်းနာမည်အတိုင်းထည့်တာပေါ့
မရတော့ poweron.ogg လို့ပြောင်းပြီး ပြန်လုပ်လိုက်တော့ အိုကေ သွားတယ်
ကဲ ကိုယ်ပိုင် တီးလုံးနဲ့ လန်းနိုင်အောင် စမ်းကြည့်ကြပါအုံး။
သူငယ်ချင်းတို့ ရေ အခုချိန်မှာမြန်မာပြည်ကခေတ်မှီတဲ့လူငယ်တိုင်း Android ဖုန်းတစ်လုံးကိုင်နေကြပြီနော်။
သူငယ်ချင်း လည်း Android ဖုန်း ကိုင်နေပြီဆိုရင်android
နဲ့ပတ်သက်တာတွေတစ်နေရာတည်းမှာလေ့လာနိုင်ဖို့android
လုလင်ကိုကြွလှမ်းခဲ့ပါနော်။
ဒီဆိုဒ်မှာလည်းလေ့လာ
ကျနော့ဆီလည်းလာပေါ့ဗျာ
ကျနော် နဲ့ မောင်သိန်းစိုးက သူငယ်ချင်း ညီအကိုတွေပါ
ဟုတ်တယ်ဟုတ် သိန်းစိုးရေ
boot logo ကိုဘယ်လိုchange ရမလဲသိချင်ပါတယ် postအနေနဲ့တင်ပေးလို့ရရင်တင်ပေးစချင်ပါတယ်
ReplyDeleteအဲဒါအတွက် ကြိုးစားနေပါတယ်
Deleteလောလောဆယ် ဖုန်းတချို့သာရပြီး ကျနော်တို့ ဆမ်ဆောင်းဖုန်းတွေမရသေးလို့ မတင်ဖြစ်သေးတာပါ
ှဆရာကြီးလုပ်တယ်တော့ မထင်ပါနဲအကိုကြီး အောက်မှာမေးထားတဲ့ boot logo ကိုဘယ်လိုchange ရမလဲသိချင်ပါတယ် ဆိုတဲ့အကို http://boaungsun.blogspot.com/2014/03/blog-post_17.html
ReplyDeleteဝင်ပြီးလေ့လာ ကလိကြည့်ပါနော် အကိုကျွန်တော်ဘလော့လေးလဲ လာလည်ရန်ဖိတ်ခေါ်ပါတယ်ခင်ဗျ
ကို ဗိုလ်လှိုင်း ရေ
Deleteပြန်ပြောပြသွားတာ ကျေးဇူးတင်ပါတယ်
နဲနဲတော့ လွဲနေတယ်နော်
အပေါ်က zayar setpaing မေးတာက boot logo ချိန်းနည်းနော်
အကိုပြောပြတာက boot animation ချိန်းနည်းလေ နော်
android ဖုန်းမှာ power စဖွင့်တာ နဲ့ boot logo ကအရင်တက်ပါတယ်
ပြီးမှ boot animation တက်တာပါ
boot logo နဲ့ boot animation ကို ကွဲကွဲ ပြားပြားသိရအောင် ပြန်ပြောပြတာပါ
ဘာပဲဖြစ်ဖြစ် ပြန်ပြောပြသွားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်
zayar setpaing အနေနဲ့လည်း boot animation ပဲ ပြောင်းချင်တာဆိုရင်တော့ အဆင်ပြေမှာပါ
ဒါပေမယ့် အပေါ်မှာပြောထားသလိုပဲ ဆမ်ဆောင်းဖုန်းတွေမရသေး ပါ
extention တွေ မတူပါ
အားလုံးကိုကျေးဇူးတင်ပါတယ်
android လုလင် ခင်ဗျာ ကျွန်တော်လည်းbootlogoပြောင်း
ReplyDeleteနည်းလေးသိချင်ပါတယ်samsungမှာမရသေးလဲ ရတဲ့ဖုန်းတွေအတွက်တင်ပေးပါဦး အားပေးလျှက်ပါ....
Logo ပြောင်းတာကလောလောဆယ်မှာမရနိုင်သေးပါဘူး.ကျွန်တော်လည်း Logo Changing apk တွေအများကြီး Download လုပ်ပြီး စမ်းသပ်ဖူးပါတယ်.မရသေးပါဘူး.အဲဒိဟာက Root ဖောက်ထားတဲ့ ဖုန်းကို File Explorer တစ်မျိုးမျိုးနဲ့ပြောင်းရင်တော့ရမှာပါ.ကျွန်တော်လည်း အဲဒိအကြောင်းကို စမ်းသပ်ပြီး အောင်မြင်ပါက တင်ပေးပါမည်..ကျေးဇူးတင်ပါသည်..(kyawhtstaung@gmail.com)
ReplyDeleteLogo Changer apk ကိုကျွန်တော် စမ်းသပ်ဖူးပါတယ်.ဒါပေမဲ့ Backup လုပ်မထားမိတော့ Reboot ကျပြီး Power on ပြန်တက်လာတဲ့အခါ Error ဖြစ်သွားပါတယ်.တကယ်လို့ အဲလိုဆော့ဝဲမျိုးတွေသုံးကြမယ်ဆိုရင် System Logo ကို Backup လုပ်ထားပေးပါ.အဲလိုမျိုးလုပ်မှစိတ်ချရမှာပါ..ကျွန်တော်လည်း Logo Changing အကြောင်းကို လေ့လာမှုတွေပြုလုပ်နေပါတယ်.ဆော့ဝဲ ပေါင်းများစွာလည်း ရှိနေပါပြီ..အောင်မြင်မှုရှိခဲ့ပါက တင်ပေးပါမည်..
ReplyDeleteဘေမကုန်တဲ့ဆော့ဝဲရှိလား
ReplyDeleteMPT ကိုမေးကြည့်ဦးမယ်ဗျ
ReplyDeleteMPT ကိုမေးကြည့်ဦးမယ်ဗျ
ReplyDelete