Search This Blog

Wednesday, June 26, 2013

DX Tools Box v3.1.5 Android application တွေထဲမှာကျွန်တော် အကြိုက်ဆုံးတစ်ခုပေါ့။

 
Android application တွေထဲမှာကျွန်တော် အကြိုက်ဆုံးတစ်ခုပေါ့။ 
ဒီကောင်လေးမှာ အကြိုက်ဆုံးက တစ်ကယ်လို့ခင်ဗျားဖုန်းက Root ဖောက်ထားရင် System apps တွေကို Uninstall လုပ်လို့ရတယ်။ Roolback ပြန်လုပ်လို့ရသေးတယ်နော်။
တရုတ်ဖုန်းတွေအတွက်အသုံးဝင်တာပေါ့။ တရုတ်စာတွေကိုယ်လဲမဖတ်တတ်ဘူး။ ကိုယ့်အတွက်လဲအသုံးမဝင်ဘူးဆိုရင် ဒါလေးသာသုံးလိုက် .... အားလုံးအဆင်ပြေသွားစေရမယ်။
ပြီးတော့နောက်တစ်ချက်က ဒါလေးနဲ့ Application တွေကို Update လုပ်ရင် အရမ်းမြန်တယ်။ တစ်ကယ်လို့ ဒီနေ့ Update လုပ်လို့မပြီးသေးရင်လဲနောက်နေ့မှ Resume ပြန်လုပ်လို့ရပါတယ်။
Application installer အနေနဲ့သုံးမလား Batch install လုပ်လို့ရတယ်။ Uninstaller အနေနဲ့ကောသုံးဦးမလား ရပြန်သေးတာပဲ။ Flash light သုံးချင်လား ဒီထဲမှာပါသေးတာပဲ။ File Manager အနေနဲ့ သုံးမလား သုံးလို့ရသေးတယ် (Duplicated (နှစ်ခု ဖြစ်နေတဲ့) ဖိုင်တွေကိုဖျက်ပေးပါတယ်)။
Application တွေကို SD Card ထဲရွှေ့ချင်ရင်လဲရွှေ့လိုက်ပါဦး။ Play Store ထည့်လို့မရတဲ့ဖုန်းတွေကို Traffic Controller (Baidu) နဲ့ လိုချင်တဲ့ Application တွေကို ရှာပြီးဒေါင်းနိုင်ပါသေးတယ်။
တစ်ကယ်လို့ Application တွေကို Update လုပ်ပြီးကာမှ ပြန်ပြီး Downgrade လုပ်ချင်ရင်လဲ
Rollback လုပ်လို့ရပါတယ်။ Process Manager နဲ့ မလိုအပ်တဲ့ Application တွေ Run နေတာကိုထိန်းချုပ်လို့ရပါတယ်။ ဆက် Run နေစေချင်တဲ့ application တွေကို Protected List ထည့်ထားလို့ရပါတယ်။ ပြောရရင်တော့ နောက်ထပ်အများကြီးကျန်ပါသေးတယ်...။ ကိုယ်ကိုတိုင်သုံးကြည့်လိုက်ရင် ပိုပြီးသိလာမှာပါ။ Android ဖုန်းကိုင်သူတိုင်း မရှိမဖြစ်ဆောင်ထားသင့်တဲ့ Application လေးတစ်ခုပါ။
 

No comments:

Post a Comment

ဘလော့ဂါတစ်ယောက်အတွက် စကားလေးတစ်ခွန်းတော့ ပြောခဲ့ပါနော်။ကျနော့်ကိုဆက်သွယ်ချင်ရင် 09.43103127ကိုဆက်သွယ်လို့ရပါတယ် မသိတာတွေလည်းလှမ်းမေးလို့ရပါတယ်။မန္တလေးကပါ။generator.mdy@gmail.comကိုလည်းဆက်သွယ်နိုင်ပါတယ်
မိမိလိုချင်​​သော Firmware များကို အမြန်​လိုချင်​ပါက memory stick ဖြင့်​ ပို့​ပေးပါသည်​ စတစ်​ဖိုး​တော့ ​ပေးရမှာ​ပေါ့​နော်